Thursday, April 9, 2009

တွေ့ဖူးချင်ဆုံး ၁၀ ယောက်

ကိုဖြိုးဝေတိုး ( မိုးတိမ် )ရဲ့ တက်ဂ်လေးပါ။ တွေ့ဖူးချင်ဆုံး ၁၀ ယောက်တဲ့း)

၁။ မမ၀ါဝါကို တွေ့ဖူးချင်ပါတယ် - မုန့်၊ ဟင်းတွေ ကောင်းကောင်းချက်တတ်လို့း) တကယ်မစားရပေမယ့် ပုံတွေကြည့်ပြီး ရွှတ်လွပ်လွတ် ဖြစ်ခဲ့ရပေါင်းနည်းဘူးလေ။ မတွေ့လို့ ဘယ်ဖြစ်မလဲ နော့် အဟဲ...

၂။ မမသက်ဇင်ကို တွေ့ဖူးချင်ပါတယ် - ခင်မင်မှု တခဏလေးအတွင်းမှာ အစ်မတစ်ယောက်ရဲ့ မေတ္တာတွေပေးခဲ့လို့း) သမိုင်းကြောင်း ကောင်းကောင်းမသိသူဆိုတော့ မမသက်ဇင်ကို ဆည်းကပ်ရမည် ဟီးးး...

၃။ ကိုချစ်ခြင်းခြေရာကို တွေ့ဖူးချင်ပါတယ် - အယ်လွန်းဝါရဲ့ အော်တို ရနိုင်မှာဟုတ်ဘူးလေ။ အဲ့ဒီတော့ ကိုချစ်ခြင်းခြေရာကိုပဲ အော်တိုရေးပေးလို့ပြောရမှာ၊ ( ဘီလို ဘီလို .. အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ တဲ့ .. အဲ့သီချင်းလေးဆိုတာ နှစ်သက်မိလို့ ) ...

၎။ ကိုအလှတရားကို တွေ့ဖူးချင်ပါတယ် - ဆီးချိုဆရာဝန်ဆိုတော့ အဖေ့အတွက် မသိတာလေးတွေ မေးလို့ရတာပေါ့ ဟီးးး ပြီးတော့ ကိုအလှတရားက သဘောကောင်းပြီး ခင်ဖို့ကောင်း၏...

၅။ မမမယ်ဂုမိကို တွေ့ဖူးချင်ပါတယ် - စတိုင်လ်ရှိမှ စတားဖြစ်တယ်တဲ့.. မမမယ်ဂု စတိုင်ကမိုက်တယ် ပြီးတော့ အရုပ်တွေ အများကြီးရှိသူဆိုတော့ ဆော့လို့ရအောင် ဟီးးး...

၆။ မက်မက်ကို တွေ့ဖူးချင်ပါတယ် - ကော်ကော်တိုက်နေကျ တူမလေးမို့ ဟီးးး.. စကားပြောပုံလေးကိုလည်း ချစ်တယ်၊ အာဝါးးးလဲ ပေးတတ်သကိုး.. တီတီလို့ အခေါ်ခံရတာလဲ အတော်နားထောင်ကောင်းရယ် အဟတ်...

၇။ ကိုဖိုးဂျယ်ကို တွေ့ဖူးချင်ပါတယ် - တူလေးဂျယ်နဲ့က ကော်ဖီတစ်မှုန့် ပဲကြီးလှော်တစ်ခြမ်း စာချုပ်ရှိတော့ တွေ့ရမှ.. အော် တွေ့ရမှး) ဟီးးး...

၈။ မမဆုငယ်ကို တွေ့ဖူးချင်ပါတယ် - ရေခဲမုန့်ကျွေးဖူးတယ်ဗျး) ပြီးတော့ မမဆုငယ် အသံလေးကိုလဲချစ်လို့ မမနဲ့တွေ့ချင်ပါ၏...

၉။ အကိုအိမ်ကို တွေ့ဖူးချင်ပါတယ် - စကားပြောပွင့်လင်းတဲ့သူတစ်ယောက်မို့ပါ၊ ဒါဆိုဒါပဲ.. ဟာသလဲ အလွန်ကောင်းတော့ မိတ်ဆွေ၊ အကိုတစ်ယောက်အနေနဲ့ဆို အမြဲတမ်းပျော်နေရမှာ သေချာပါတယ်း) ...

၁၀။ ပုလဲဖြူ နွံထူထူကြား လို့ ကဗျာစပ်ပေးဖူးတဲ့ ကိုထက်ကိုလည်း တွေ့ဖူးချင်ပါတယ် - မသိတာတွေကို သေချာစိတ်ရှည်ရှည်နဲ့ ရှင်းပြတတ်တဲ့ အကိုတစ်ယောက်ပါ၊ အားပေးတတ်တဲ့နေရာမှာလည်း ထိထိမိမိ အားပေးတတ်ပါတယ်၊ ပြီးရင် အတည်ပေါက်နဲ့လဲ စတတ်သေး၊ ထူးထူးဆန်းဆန်းနာမည်လဲ ပေးတတ်ပါ့၊ နောက်ဆုံးကတော့ မိုးချစ်တာချင်းလဲ တူလို့.. မိုးရေထဲမှာ ဆော့ဖို့ အဖော်တစ်ယောက်ရတော့ပေါ့ အဟဲ.. ( ကိုထက် ဆော့မည်လေား) )...

တခြားအကိုတွေ အမတွေကိုလည်း တွေ့ချင်ပါတယ်... ရွယ်တူတစ်ယောက်မှ မသိတာကိုတော့ ၀မ်းနည်းမိ၏း(
မောင်နှမတွေနဲ့ ကံဆုံရင် တွေ့ဖူးချင်ပါတယ်... ကျန်းမာရွှင်လန်းကြပါစေး)

- မြတ်သွယ် -

12 comments:

WWKM said...

ဟဟားးးး
မမကိုတွေ့ဘူးချင်တာ မုန့်စားချင်လို့ပေါ့ ဟုတ်လား...
ရတယ်..ရတယ်... ညီမလေးနဲ့တွေ့ရင် မုန့်တွေ အများ
ကြီး ကျွေးမယ်နော်..မှတ်ထားးးး :D

ချစ်တဲ့
မမ၀ါ

Anonymous said...

အဟတ်ဟတ် ဒီကအမြောက် သိပ်မကြိုက်ဘူး ။ တွေ့ရင် မုန့်တွေအများကြီးကျွေးဦးမှာ ။ ပုလဲရေ ညီမလေး စာတွေပြန်ရေးလာတာ တကယ်ဝမ်းသာပါတယ် ။ အကိုကတော့ တော်တော်ကိုကြိုကြားကြားပဲရေးဖြစ်တယ် ။ စာတွေများပြီး စိတ်လေနေလို့ ။ မြန်မာပြည်ပြန်ရောက်တော့တွေ့ကြတာပေါ့ တို့ မောင်နှမတွေ ၊

Dr Phyo Wai Kyaw said...

စိတ်ထားလှလှ ညီမလေး ဖြစ်ချင်တာတွေ အကုန်ဖြစ်စေဗျား။

မြန်မာပြည်ရောက်ရင်လုပ်ဖို့ ဒီလိုအစီအစဉ်ဆွဲထားတယ်။

မမ၀ါနဲ့ အစ်မသက်ဇင်ကို နာယက ခန့်ပြီး မောင်နှမအားလုံးပါတဲ့ ဂီတ အစည်းအရုံး ထောင်ရမယ်။

မယ်ဂုတို့ မက်မက်တို့ အိမ်တို့ ခြေခြင်းချိတ်ရာတို့လို ညီငယ်ညီမငယ်တွေအတွက် တရားစခန်း ဖွင့်နိုင်အောင် စီစဉ်ရမယ်။

မောင်ဂျယ် ဆုငယ် ဖြိုးဝေတိုးနဲ့ ပုလဲတို့ကတော့ သိပ်ငယ်လွန်းတော့ ဂီတအစည်းအရုံးနဲ့ တရားစခန်း ကူးချည်သန်းချည် ထမင်းသိုးဟင်းသိုးပေါ့။ :P

megumi said...

ဟဟ၊ မမလည်း တွေ့ဖူးချင်တယ်။
တွေ့မှ ထွက်မပြေးကြေးနော်။ :P

" စတိုင်လ်ရှိမှ စတားဖြစ်တယ်တဲ့."

.ဟုတ်ပါ့၊ ဒါလေးနဲ့ လုပ်စားနေတာ။ ဟိ ဟိ။ ပုလဲကိုလည်း သင်ပေးမယ်။ တတ်သလောက်။ :D :)

WWKM said...

အေးကွ... ဂီတအစည်းအရုံးထောင်ကြတာပေါ့..လှလှ ရာ...း)

Dream said...

ဟားဟား... ဦးရီးတော်အလှတရားကိုတော့ တရားစခန်း ရိပ်သာမှာ ဘုန်းကြီးဝတ်ခိုင်းမယ် တီတီပယဲရေ.. တီဇင်နဲ့ တီဝါတို့ ဖွင့်ထားတဲ့ ဂီတ အစည်းအရုံးမှာ ဘုန်းဘုန်းအလှတရားရဲ့ အသံကိုသွင်းပြီးဖြန့်ဖြူးရေး လုပ်မယ်နော်... ဟတ်ဟတ်.. သေချာတာကတော့ ၀ယ်သူမဲ့ပဲ... ...
မက်မက်ကလည်းတီတီပယဲ ကိုတွေ့ချင်ပါတယ်.. အခါအခွင့် များရှိတဲ့တနေ့တော့ တွေ့ကြတာပေါ့.. မက်မက်မလေးကို ရောက်ခဲ့ရင် တီတီပယဲ လာတွေ့လေနော်... ဒါမှမဟုတ် တီတီပယဲံ စလုံးကို လာလည်ရင် မက်မက်တို့တွေ့ကြမယ်လေနော်.. ဒါမှမဟုတ် အားလုံး စုစုစည်းစည်းနဲ့ မြန်မာပြည် ပြန်ရောက်မှ တွေ့ကြတာပေါ့နော်.. အဲ့အခါကျ အာဝါးး အများကြိးပေးပစ်လိုက်မှာနော်.. ခစ်ခစ်

တီတီပယဲ ပါးဖောင်းဖောင်းကြီးကို ချိုင့်တဲ့အထိ ပေးဦးမှာနော် . သိလား..

အာဝါးးးးးးးးးးးးးးးးးးးးးးးး အမြှောက်တသိန်း.... နော်... :P

မသက်ဇင် said...

ဂီတအစည်းအရုံးနဲ့ တရားစခန်း ----?
ကောင်းသားပဲနော်----
မဝါ--က အသံကောင်းတယ်--ဒေါက်တာဥာဏ်နဲ့ စုံတွဲ
ဆိုတာကြားဘူးတယ်မို့လား--
ကလေးလေး မြတ်သွယ်ကိုလည်း ချစ်ပါတယ်---
စာများများဖတ်နော်---

s said...

အပဲာ ... ဒီမှာလည်း မီးမီးနာမည်က ပါတာကိုး၊ အပြင်မှာတွေ့လည်းရေခဲမုန့်ဝယ်ကျွေးမယ်နော် ၊ ညီမလေး အာဘွားး

ဖိုးဂျယ် said...

တွေ့ရင် တီပုယဲက ကော်ကော် ဖျော်တိုက်မယ် ပြောထားတယ်နော်
မသောက်ရရင် နိုမှာဂျး)
ကံမကုန်သေးရင် တွေ့ကြဦးမှာပေါ့
တီပုယဲရေ နှစ်သစ်မှာ ပျော်ရွှင်ပါစေခင်ဗျာ

Anonymous said...

သြ...ကောင်းပါ့ ကျုပ်များကျတော့ လူရွှင်တော်တဲ့ သူပျော်ဖို့ ပျော်တော် ဆက်ပေးရမဲ့ပုံပါလားဗျ။

မြတ်သွယ် said...

အကိုအိမ်ကြီးက စိတ်ကြီးသကိုး ဟီးးး
အဲ့လိုမဟုတ်ရပေါင်ဗျာ
ကိုယ့်အကိုက ခင်ဖို့ကောင်းပြီး မိတ်ဆွေတွေကို ပျော်ရွှင်စေတယ်လို့ ပြောတာပါး)

မောင်နှမများ အားလုံးကို ကျေးဇူးတင်လျက်
နှစ်သစ်မှာ ကျန်းမာရွှင်လန်းကြပါစေး)

- မြတ်သွယ် -

Welcome said...

ဒီခေါင်းစဉ်နဲ့ (လိပ်ပြာလေး)က တဂ်ထားတယ်။ ဒါပေမယ့် သူ့အိမ်ကို ဖွင့်မရတာနဲ့ ဂူဂဲလ်မှာ ရိုက်ရှာတော့ ဒီအိမ်ကို ရောက်လာပြီး ဖတ်ပြီး ရေးဖြစ်ခဲ့တယ်။

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေနော် ..