Thursday, April 2, 2009

ချစ်ရဲခဲ့၍ ပွင့်ရဲရမည့် ပန်းတစ်ပွင့်

နွေညရဲ့ ပြတင်းဘေးမှာ
ငါ ထိုင်ငေးနေလိုက်တာ
ဟိုးအဝေးက လင်းလက်မှုတစ်ခုနဲ့
မင်းပုံရိပ်လေးပဲ ထင်လာပြီး
ပဲ့တင်ထပ်နေတဲ့ မင်းအသံကိုလည်း
ငါ့ရဲ့ရင်ခုန်သံတွေက ဒူးထောက်လို့ ...

မင်းရဲ့ ရက်စက်မှုတိုင်းကို
ငါ မမေ့နိုင်ခဲ့ဘူး ချစ်သူ
ဒဏ်ရာကိုပါ သေသပ်စွာမချုပ်မိခဲ့တော့
အတိတ်နဲ့အခုမှာ မင်းပြုတဲ့ စွချက်တိုင်း
သွေးချည်တွေ တစစပွင့်ထွက်လို့
ငါ့နှလုံးသား သဏ္ဍာန်မဲ့လို့သွားပြီ

လောကကြီးပေးတဲ့ လက်ဆောင်မှာ
အလွမ်းတွေ မျှော်လင့်ချက်တွေ
ငါ့အတွက် မရှိတော့ပါဘူး ချစ်သူ
ရောင့်ရဲမှုနဲ့ ပြည့်စုံနိုင်ဖို့ပဲ
ငါဟာ
ရေတစက် နေတခြည် လေတချက်နဲ့သာ
ပွင့်ရမယ့် ပန်းတစ်ပွင့်ပေါ့ ...

ချစ်ရဲခဲ့မတော့ ငါ ပွင့်ရဲရဦးမပေါ့ ချစ်သူရယ် ...။

- မြတ်သွယ် -

5 comments:

Dream said...

ကဗျာလေး ကောင်းတယ် တီတီပယဲ...

အာဝါးးးးးးးးးးးးးးးးး :)

ပျော်ရွှင်ပါစေ တီတီပယဲ

WWKM said...

လောကကြီးပေးတဲ့ လက်ဆောင်မှာ
အလွမ်းတွေ မျှော်လင့်ချက်တွေ
ငါ့အတွက် မရှိတော့ပါဘူး ချစ်သူ
ရောင့်ရဲမှုနဲ့ ပြည့်စုံနိုင်ဖို့ပဲ
ငါဟာ
ရေတစက် နေတခြည် လေတချက်နဲ့သာ
ပွင့်ရမယ့် ပန်းတစ်ပွင့်ပေါ့ ...

ချစ်ရဲခဲ့မတော့ ငါ ပွင့်ရဲရဦးမပေါ့ ချစ်သူရယ် ...။

**************
ညီမလေးရဲ့ကဗျာလေးတွေက ရက်ရက်စက်စက်ကို
ကောင်းနေဆဲံပါပဲ ချစ်ညီမရေ. ကြိုက်တယ်..း)

မသက်ဇင် said...

မင်းရဲ့ ရက်စက်မှုတိုင်းကို
ငါ မမေ့နိုင်ခဲ့ဘူး ချစ်သူ
ဒဏ်ရာကိုပါ သေသပ်စွာမချုပ်မိခဲ့တော့
အတိတ်နဲ့အခုမှာ မင်းပြုတဲ့ စွချက်တိုင်း
သွေးချည်တွေ တစစပွင့်ထွက်လို့
ငါ့နှလုံးသား သဏ္ဍာန်မဲ့လို့သွားပြီ

--တဲ့-လားကွယ်---
ခံစားသွားပါတယ်--တော်တယ်--

Anonymous said...

အရေးအသားတွေတိုးတက်လာတာတော့ အမှန်
ပဲဗျ။ ကောင်မလေး ခံစားချက်တွေ ပီပြင်လာပြီ
ထင်ပါ့။ အဟစ်ဟစ်ဟစ်ဟစ်ဟစ်
ဆက်ရေးဗျို့ အားပေးတယ်။

သဇင်ဏီ said...

ခံစားလို့ရတဲ့ကဗျာတစ်ပုဒ်ပါ..
ကဗျာလေးကောင်းတယ်..