Tuesday, March 24, 2009

စံပယ်များဖြင့် စောင့်နေမည်

မိန်းခလေးရေ .........
နံနက်ဆည်းဆာချိန်
မနက်တစ်ခင်းရဲ့ လေကို
အဝသာရှုလိုက်စမ်းပါ
မင်းရှိတဲ့အရပ်ကို လန်းဆန်းဆဲ
ငါ့အလွမ်းတွေ ပါးလိုက်တယ်ကွာ

အလိုက်အထိုက်နဲ့ ရောက်လာတဲ့
ငါ့တို့ရဲ့ ဖူးစာဂေဟာ
မင်းလေးကတော့ ဘယ်သိပါ့မလဲ
ငါ့မှာတော့ နဖူးပေါ်လက်ခဲ
ညအချိန်တွေ အလူးအလဲနဲ့
တစ်ယောက်တည်းအချိန်တွေ ဆွေးကုန်ပြီကွ

တစ်ခါတစ်ခါတော့
ကောင်းကင်က တိမ်လွှာရှင်တွေကို
မင်းလက်နုနုလေးနဲ့ တို့လိုက်စမ်းပါ
မိန်းခလေးရယ် ...........
အဝေးတစ်နေရာကနေ
မင်းပေါ်ကို အနမ်းမိုးလေးတွေ
ငါ ရွာသွန်းချင်လို့ပါ

ငါဟာလိပ်မျိုးပါ မိန်းကလေး
မင်းနဲ့မအက်စပ်တဲ့ မေတ္တာတွေကို
မျှော်လင့်မနေတော့နဲ့ကွာ ............

ဒီနေရာမှာ စံပယ်ပန်းလေးတွေနဲ့
ငါ မင်းလေးကို စောင့်နေမယ်
ငါ့ရဲ့ ပန်ဆင်မှုတွေအောက်မှာ
မင်း အလှဆုံးဖြစ်နေစေရမယ်
ဆံနွယ်တွေကို ငါ့ရင်ဘတ်ကြီးဆီသာ
အပ်နှင်လိုက်ပါတော့ မိန်းခလေးရယ် ...........

( တံတိုင်း ) ရေးပေးတဲ့ ဦးဦးချွတ်ချွတ်ကဗျာလေးပါး)

4 comments:

မသက်ဇင် said...

သူရေးပေးလိုက်တာတဲ့လား---?
ကဗျာလေးလှတယ်---
ပျော်ရွှင်ပါစေ---

မသက်ဇင် said...

မမေ့နိုင်တဲ့ မျက်ခုံးထူထူ
နက်မှောင်လေတဲ့ ဆံနွယ်သန့်သန့်
ထူထပ်ထပ် နှုတ်ခမ်းလွှာများရယ် ...

သူလေးက--ရေးပေးလိုက်တာနေမှာပေါ့နော်-
စပယ်ပန်းတွေ--နဲ့--စောင့်နေမှာပါ---
ချစ်သူတွေပျော်ရွှင်ပါစေ---

Unknown said...

မခေါ်ပေမဲ့လာပါတယ်...
မနှင်ပေမယ့် ပြန်ပါ့မယ်.....
နှုတ်မဆက်ဘဲ လမ်းခွဲခဲ့ရင်တောင်မှ....
အချစ်ဆိုတာက..
ကိုယ်က ချစ်နေရဖို့....
သက်သက်ရယ်ဘဲလေ...၊၊
ညီမလေးဖို့

Anonymous said...

ဘာပြောလို့ပြောရမှန်းတောင် မသိတော့ဘူး။
ကဗျာကောင်းလွန်းလို့လေ...။