Sunday, March 8, 2009

အရူးဆုတောင်း

ညနေဆည်းဆာချိန်ရယ်
အလွမ်းတွေကို အစဖော်လိုက်တာများ
ရင်ခုန်သံတွေရှုပ်ထွေးပြီး
မျက်ရည်တွေဝေ့
နောင်တပန်းတွေ ပွင့်ခဲ့တယ်

မြင်လှည့်ရင် ကြည့်လှည့်ပါ
လေပြေရယ် ...
အနေဝေးအောင်
ငါ ဖန်တီးခဲ့တာ
ရင်ခုန်ခြင်းမဟုတ်တဲ့ သက်သေပါ

ဒီလိုပဲ
နဖူးတွေ့ ဒူးတွေ့
အချစ်ရဲ့ အလေးခိုးခြင်းတွေဟာ
ငါ့ နှုတ်ခမ်းတွေ
မတွန့်တတ်တော့ အထိပါပဲ

ချစ်သူ ...
ကြယ်ကြွေညနဲ့ ကြုံခဲ့ရင်
လွဲတတ်တဲ့ ငါ့ဆုတောင်းတွေကြောင့်
နင် ငါ့ကိုမုန်းပါစေလို့
အရူးတစ်ယောက်လို ဆုတောင်းမိမှာပါ...။

၈.၃.၂၀၀၉ ( တနင်္ဂနွေ )
ည ၉ နာရီ ၁၆ မိနစ်

- မြတ်သွယ် -

2 comments:

မသက်ဇင် said...

ချစ်သူ ...
ကြယ်ကြွေညနဲ့ ကြုံခဲ့ရင်
လွဲတတ်တဲ့ ငါ့ဆုတောင်းတွေကြောင့်
နင် ငါ့ကိုမုန်းပါစေလို့
အရူးတစ်ယောက်လို ဆုတောင်းမိမှာပါ...။
တဲ့-------
လားကွယ်--
လှလိုက်တဲ့ကဗျာလေးပါလား--

Anonymous said...

အချစ်မှာတောင် အလေးခိုးခံရသေးသလား
ဒါဆို အချစ်က ပိဿာချိန်နဲ့ ရှိတာပေါ့နော်။
အဟိ