Friday, March 6, 2009

မတိုက်တော့မယ့် လေပြေ

သင်ခန်းစာတွေ ရဖူးလို့
ရင်ခုန်သံတွေက
ပွင့်ချပ်နှစ်လွှာကို ပိတ်ဆို့ထားခဲ့တယ်
ဒီလိုပဲ ...
နှစ်ခါမရတတ်တဲ့ အခွင့်အရေး
နောက်တစ်ကြိမ်ရှိခဲ့လည်း
ငါ တိတ်ဆိတ်စွာပဲနေမှာပါ

ချစ်သူရယ် ...
တကယ်ဆို ငါဟာ နင်နဲ့မထိုက်
ဒါပေမယ့် နင်က
ငါ့လေပြေတွေပြောတဲ့ ယုံကြည်ချက်ပါ
ပိတ်ခဲ့တဲ့ ရင်ခွင်တံခါး
အလုံစေ့သွားခဲ့ပါပြီ
ငါ့လေပြေတွေက ထပ်တိုက်ဖို့မရှိတော့ပါဘူး

နုစိတ် ရူးစိတ်မှာ
ခံစားချက်တွေလွန်လို့
တည်ငြိမ်မှုတစ်ခု မွေးဖွားလာခဲ့ပါပြီ
ချစ်သူရယ်...။
-------
၇.၃.၂၀၀၉ ( စနေနေ့ )
သန်းခေါင်ယံ ၄ နာရီ ၉ မိနစ်
-
- မြတ်သွယ် -

3 comments:

အရုပ်ကလေး said...

ခံစားဖတ်သွားတယ် ..။
ဘလော့ခ်အသစ်လေးကို အခုမှသိလို့ စာလာဖတ်တာ
နောက်ကျသွားတယ် ..။

မသက်ဇင် said...

နုစိတ် ရူးစိတ်မှာ
ခံစားချက်တွေလွန်လို့
တည်ငြိမ်မှုတစ်ခု မွေးဖွားလာခဲ့ပါပြီ
ချစ်သူရယ်...။
-------
တဲ့လားကွယ်----
ရင်ထဲ နင့်သွားပါတယ်--
နှလုံးသား ရင့်ကျက်မှု
တွေ--ရရှိနိုင်ပါစေ--

Dr Phyo Wai Kyaw said...

"ပိတ်ခဲ့တဲ့ ရင်ခွင်တံခါး
အလုံစေ့သွားခဲ့ပါပြီ
ငါ့လေပြေတွေက ထပ်တိုက်ဖို့မရှိတော့ပါဘူး

နုစိတ် ရူးစိတ်မှာ
ခံစားချက်တွေလွန်လို့
တည်ငြိမ်မှုတစ်ခု မွေးဖွားလာခဲ့ပါပြီ
ချစ်သူရယ်...။"

တည်ငြိမ်မှုတစ်ခု မွေးဖွား လာခဲ့ပါပြီ...တဲ့လား
မှန်ပါတယ်..
ဝေဒနာကို အချိန်ကကုစားပါလိမ့်မယ်
အားမလျော့လိုက်နဲ့ကွယ်..။