Tuesday, March 3, 2009

သိနေပါတယ်

အလွမ်းတွေကြား
မျက်ရည်တွေ စက္ကန့်မခြားဘဲ
စီးဆင်းကာနေတယ်
ငါ ...
အရူးတစ်ယောက်လိုလဲ
ပြုံးနေမိသေးတယ်
ပြီးတော့
အတိတ်တွေကို ကျေနပ်နေပြီး
ခစ်ခစ်မြည်တဲ့ ရယ်သံတွေကလဲ
ထွက်လာခဲ့ပြန်တယ်
-----
ငါသိပါတယ်
ငါ့ ...
အသဲနှလုံးမှာ ခါးနေတယ်ဆိုတာ
ငါ ... သိပါတယ်။

၎.၃.၂၀၀၉ ( ဗုဒ္ဓဟူး )
သန်းခေါင်ယံ ၃ နာရီ ၅ မိနစ်

- မြတ်သွယ် -

3 comments:

thihanyein said...

အသဲနှလုံးက ခါးတယ်တဲ့လားကွယ်...
ဘ၀ဆိုတာ တစ်ခါတစ်လေ အလှူပေးတဲ့သူဖြစ်သလို
တစ်ခါတစ်လေ အလှူခံတဲ့သူဖြစ်တတ်တယ်...
ညီးကလေ...လူကတော့ ကလေး အသဲနှလုံးက
ကောင်းကင်ရောက်နေပြီ....ဟင်းးးးးးးးးးး

ဖိုးဂျယ် said...

ငါ ...
အရူးတစ်ယောက်လိုလဲ
ပြုံးနေမိသေးတယ်

Anonymous said...

အဲဒါ ယဉ်ယဉ်လေးရူးနေတာပဲဖြစ်ရမယ်။ ဟီဘယ်နဲ့ဗျာ တယောက်ထဲ ဖြစ်ခြင်တိုင်းကို ဖြစ်နေတာ။
နောက်တာပါဗျာ ကဗျာလေးခံစားဖတ်ရူသွားတယ် ကျနော်လဲ
တခါတလေ အဲလိုဖြစ်မိတယ်ဗျ။