ဦးဏှောက်နဲ့ စိတ်တစ်ခုရဲ့ စေညွှန်းချက်တွေတိုင်းမှာ စိတ်တစ်ခုရဲ့ စေလိုရာတွေကို အသားပေးဆောင်ရွက်ခြင်းနဲ့ နေသေားကျနေတဲ့ လူတစ်ယောက်။ စိတ်က လေလိုပါပဲဆို၊ မှန်မယ်လား။ ပုံသဏ္ဍာန်ကင်းမဲ့သလို လုပ်ဆောင်ချိန်ဆိုတာကလည်း အတိအကျရှိမနေတော့ စိတ်တစ်ခုလိုပဲ၊ ဘယ်အချိန်လှုပ်ရှားလာပြီး ဘယ်အချိန်မှာ ဘာတွေကို
ဦးဆောင်ပြီး ဘယ်လိုလုပ်စေမယ်ဆိုတာကို မသိသလိုမျိုး။
မဆုငယ်{လိပ်ပြာလေး} တက်-ဂ်-တဲ့ "ဝါသနာ" ဆိုတဲ့ တက်-ဂ် ပို့စ်လေးပါ။
တစ်သက်ဒီဘဝမှာ ခြေရာစုံအောင် မလျှောက်ဖူးတော့ အရောင်တွေနဲတယ်။ မျက်ဝန်းအိမ်ကျဉ်းတော့ အမြင်လည်း မကျယ်ဘူး။
( မျက်မှန်တပ်ရတာပဲ ကြည့် ဟီးးး ) ကမ္ဘာအကျယ်ကြီးထဲက စက်ဝိုင်းသေးသေးလေးထဲမှာပဲ လည်လည်ပတ်ပတ်ဖြစ်နေတဲ့ အသက်ရှိတုန်း၊ ဘဝပေး မိန်းမတစ်ယောက်။ သိတာတွေနဲတော့ ဝါသနာဆိုတာလဲ နဲပြန်တယ်။ အမြင်အာရုံအတွင်းကို စွဲကပ်လာတဲ့ အရာတစ်ခုအပေါ်မှာ စိတ်ရဲ့ ဆွဲခေါ်မှုကြောင့် မြတ်သွယ်အတွက် ဝါသနာဖြစ်သွားတယ်။ မြတ်သွယ်ရဲ့ စိတ်ကတော့ လူးလူးလွန့်လွန့်၊ ဟိုစပ်စပ် ဒီစပ်စပ်။ အဲ့ဒါကြောင့် ဝါသနာအရင်းခံပြီး ဘဝရဲ့ ဦးတည်ချက်ကဘာလဲ မေးလာရင် အဖြေမထွက်သေးတာ အခုထိ။
ငယ်ငယ်ကတည်းက ခုချိန်ထိ မပြောင်းလဲတာကတော့ ပုံဆွဲ၊ ပုံခြစ်။ နောက်တစ်ခုက ကြက်တောင်ရိုက်တဲ့ အားကစားတစ်မျိုးအပေါ်မှာလဲ စိတ်အားထက်သန်တယ်။ ဝါသနာရှင်လေးပါ။ အပေါ်ကို မြှောက်ပေးလေနှစ်သက်လေပဲ။ လူတည့်တည့် ကြက်တောင်ရောက်လာရင်တော့ ခြေမကိုင်မိ လက်မကိုင်မိ။ ( ဟီးးး အဲ့လိုတော်တာ )
မောင်နှမ သုံးယောက်စလုံးကလည်း ဆော့တတ်တော့ အတွဲလည်း ညီတယ်။ အခုဆို ချစ်မတွေပါ တိုးလာသေးတယ်။
( မမ၀ါဝါ : တွေ့ရင် ကြက်တောင်ဆော့မယ်နော်။ မမ၀ါဝါ က အလျှော့ပေးရမယ်။ ညလေးက ဝတော့ ဟိုဘက်ဒီဘက် လိုက်နိုင်မှာ ဟုတ်ဘူး ဟီးးးးD )
ဒီနှစ်မျိုးကတော့ ငယ်ငယ်ကတည်းကအစပျိုးလာတဲ့ စိတ်အားထက်သန်မှုတွေ။
၁၅ ၊ ၁၆ နှစ်၊ မလေးရောက်လာတော့ တစ်မျိုးတိုးလာပြန်တယ်။ အနုပညာပိုင်းဆိုင်ရာလေးတွေ။ အဆို၊ အက၊ အတီး၊ အရေး၊ အငို ( သဘောကတော့ မင်းတမီးချင့် ခွိခွိးD ရုပ်ရည်၊ခန္ဒာကိုယ်အချိုးအစားမှ အားမနာနော့်း( စိတ်ဝင်စားပေမယ့် မဖြစ်နိုင် )
အမှန်တော့ အဲ့ဒီဝါသနာက ကြီးသား။ ကိုယ့်ဖာသာ ဒါရိုက်တာလုပ်၊ အဆွေးခန်းရိုက်ရတာလဲ အမော။ မျက်ရည်ကလည်း လွယ်တော့ အဆင်ကိုပြေလို့။ ဒါပေမယ့် အခုတော့ မျက်ရည်ကိုညှစ်ထုတ်တောင် ထွက်တော့ဝူး။( အတဲမာတွားပြီ ဟီးးးးD )
နောက်တစ်မျိုးက ၇ ၊ ၈နှစ်အရွယ် ညီမလေးကို စိတ်ရှည်ရှည် စာသင်ပေးရင်းနဲ့ တိုးလာတဲ့ ဆရာမ ဝါသနာလေး။
( ဆက်ပြောဦးမှာ ပီးတေးဝူး ဟီးးး ) မိန်းမပီပီ မီးဖိုချောင်ဝင်တာလည်း ဝါသနာပါတယ်။
အကျွမ်းကျင်ဆုံးဟင်းက အာမနူး( အာလူးးD ) ဒီဝါသနာကြောင့်တော့ အသိတစ်ခုကတစ်ပြိုင်နက်တည်း ဝင်လာတယ်။
အမေ အသက်ရစပြုလာပြီ။ အသားငါး ကိုင်ရတဲ့ အလုပ်ဆိုတာ တစ်ကယ်တန်းကျ မလွယ်ဘူး။ မိသားစုက ၅ ယောက်ဆိုတော့ ဟင်းအရေအတွက်က များတယ်။ အမေ အသားငါး ကိုင်ရတာလဲ ပိုကြာတာပေါ့။ ကိုယ်တစ်ကယ် ကိုင်တွယ်ဖူးမှ သိလာတယ်။ အဆိုးဆုံးကတော့ ပုဇွန်သေးသေးလေးတွေ၊ ခေါင်းချိုးရတာကတာ မီသက်သာဝူး။ မီးဖိုချောင်အလုပ် မီးဖိုချောင်အလုပ်၊ လွယ်ဘူး။ မြတ်သွယ်တို့ အော်နေတာပဲ။ ဒါပေမယ့် ဟင်းတမယ် ချက်လို့ကျက်သွားပြီး မိသားစုစားတာကိုတွေ့တဲ့ ရသက ပြောမတတ်အောင် ကြည်နူးဖို့ကောင်းတယ်။( ဘယ်တော့မှ စပျင်းလာမလဲသာ မသိ ဟီးးးးD )
မုစိမွစိလေးတွေစုတဲ့ ဝါသနာလည်း ရှိသေးတယ်။ ဒါတောင် မုန့်ဖိုးမရှိတော့ ကိုယ့်ဖာသာကိုယ်မဝယ်ဖြစ်လို့။ အမေကလည်း မီကြိုက်ဝူး။ သိမ်းရပြုရ ခက်ကခက်ရဲ့တဲ့။ အိမ်မှာ အငယ်လည်းရှိတော့ သိပ်မဝယ်ရဲဘူး။ ကိုယ့်အတွက် အပျော်က သူ့အတွက် အန္တရာယ်ဖြစ်မှာလဲ စိုးရိမ်ရသေး။( ဟူးးး လွယ်ဘူး မုန့်ဖိုးစသုံးရရင်တော့ လာထားပဲ ဟဲဟဲ၊ တိုးတိုးနော် မေမေ သိလို့မဖြစ် ခွိခွိးD )
စာဖတ်တဲ့ဝါသနာကတော့ မကြီးဘူး။ ( ဗဟုသုတ ရမှာစိုးလို့တဲ့၊ အမေပြောတာ၊ ဒီသမီးကြောင့် အမေစိတ်ညစ်ရတာလည်းကြာပြီးD ) ခုနောက်ပိုင်း ဘလော့ပေါ်ရောက်လာမှ စာတွေစဖတ်ဖြစ်တာ။
နောက်တစ်ခုက အိမ်ဆောက်တာ။ အင်တာနက် ကလေးဆိုဒ်မှာလဲ အခန်းဖွဲ့သလို အသုံးမလိုတဲ့
သီတင်းစာ စာရွက်တွေစုပြီး ကိုယ့်ဖာသာ ဖြတ်ညှပ်လုပ်၊ ဟိုကပ်ဒီကပ်၊ စိတ်ရှည်ရှည် နဲ့ အခန်းဖွဲ့ဖူးတယ်။ ကိုယ်လိုချင်တဲ့ ပုံဖော်ပြီး ရသလိုဆောက်တယ်။ အခန်းတစ်ခန်းတော့ဖြစ်လာတာပဲ။ အစ်မနှစ်ယောက်ကိုပြလိုက်တော့မှ ဟီးးး ရေအိမ်နဲ့ ဝရံတာက ဘေးချင်းကပ်နေလို့ အစ်မနှစ်ယောက်က လေကောင်းလေသန်းရမယ့် အခန်းပဲတဲ့။( တိန် ရှက်ရှက် ဟီးးး ) စူပါဂလူး၊ ဂလူးတွေဆို မြတ်သွယ်အဲ့လို သုံးတာနဲ့တင်ကုန်လို့ အမေဆူတာ ခံရနေမြဲ။ ဒါပေမယ့် ဝါသနာကိုး။( ဟီးဟီး ကိုယ့်ကိုယ်ကိုမို့ပြောတာဟုတ်ဘူး၊ အခန်းက မိုက်မှမိုက်၊ အိမ်ဆောက်ပြီး ပစ္စည်းတွေနေရချချင်တဲ့သူရှိရင်ပြောနော် ရေအိမ်နဲ့ ဝရံတာကိုတော့ တာဝန်ယူဘူး ဟီးးးးD )
ရေးရင်းရေးရင်းနဲ့ စုံနေတာပဲ။ ကိုယ်ဝါသနာပါတဲ့အရာနဲ့ ပက်သက်ပြီး အလုပ်လုပ်ဖြစ်တယ်ဆိုရင်တော့ ကောင်းမယ်။
ဒီးကနေ့တော့ ဝ ဒီးလောက်ပဲ ပြောဒေါ့မယ်။ ( ခေါက်ချင်စရာလေသံနော်းD )
သတိတရတက်-ဂ်-ပေးတဲ့ မမဆုငယ်ကို ကျေးဇူးအထူးတင်ရှိပါကြောင်း။ မဟုတ်လို့ကတော့ မြတ်သွယ်က ဘာမှရေးဖြစ်ဦးမှာမဟုတ်။ နောက်ဆုံးတော့ မောင်နှမအားလုံး ကျန်းမာကြပါစေလို့ ဆန္ဒပြုရင်း

7 comments:
ဟာ..ဘယ်ရမတုန်း..မမက အသက်ကြီးပြီ..မမကို ညီမလေးက အလျှော့ပေးရမှာနော်..ဒါဗြဲ.. ငှဲငှဲ
အဲလိုတက်ဂ်လို့ရေးမယ်မှန်းသိရင် မမ ခဏခဏတက်ဂ်မှာပေါ့.. ဟွန့်
အေးလေ ဒီလိုမှန်းသိ ငါလဲတက်ဂ်ပါတယ် ။ အဟတ် ကိုယ်ကသာ ခဏဏတက်ဂ်ခံနေ၇တာလေ ။
စိတ်အားတဲ့အခါ စာလေးရေးပါဦးညီမရေ ။ အကိုလဲ အစ်မဝါကြီးဒိုင်ခံတက်ဂ်နေလို့သာ စာ ရေးမပြတ်တာ ။
ကြက်တောင်ရိုက်ရင်း ပန်းချီရေးတဲ့ အဆိုတော်-မင်းသမီး စာရေးဆရာမ-ကြီး ဖြစ်ပါစေ..။
ဝါသနာတွေ အားလုံးကို လာဖတ်သွားပါတယ်
ရွှင်လန်းချမ်းမြေ့ပါစေဗျာ
ညလေး အမ လာရောက် ဖတ်ရှုတွားတယ်..
အော် နာ့ညလေး...၀ါသနာတွေတယ်များသကိုး..ဘာလုပ်လုပ်ချစ်ဖို့ကောင်းတော့လဲ ကောင်း၏ ဆက်လုပ်...အားပေးတယ် လွမ်းလိုက်တာနော်
ညီမလေးရေ မအားတာနဲ့ မရောက်ဖြစ်ဘူး စိတ်ဆိုးတယ်နော်၊ရေးပေးတာအရမ်းကျေးဇူးတင်တယ်၊ ညီမလေး ပုံဆွဲတာတွေ့ဘူးတယ် ချစ်ချာလေး။အာဝါးးးး
ကလေးစိတ် မကုန်သေးဘူးကိုး......
Post a Comment